Sign in | New customer? Start here!

(၂၇)ကြိမ်မြောက် SEA GAMES Lucky Card Campaign ပြုလုပ်မည့်အစီအစဉ်


ရည်ရွယ်ချက်

• SEA GAMES ပြိုင်ပွဲကြီးတွင် မြန်မာပြည်သူလူထု တစ်ရပ်လုံး စိတ်အားထက်သန်စွာ ပါဝင်အားပေးလာစေရန်၊
• SEA GAMES အောင်နိုင်ရေး ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းနိုင်ရန်၊
• ပြည်သူများ ဂုဏ်ယူပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊
• အမှတ်တရ အဖိုးတန် ကံကောင်းခြင်းလက်ဆောင်များ ရရှိစေရန်၊

အစီအစဉ်

Lucky Card များအား ဒီဇိုင်း ၆ မျိုးပြုလုပ်ထားပြီး တစ်ကဒ်လျှင် ၅၀၀ိ/-ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်ပါသည်။ Promotion အစီအစဉ်များအဖြစ် အနုပညာရှင်များ၊ အားကစားသမားများ၊ အစီအစဉ်တင်ဆက်သူများ ပါဝင်သော Road Show များပြုလုပ်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် တကွ ဂုဏ်သရေရှိလူကြီးမင်းများ၊ အနုပညာရှင်များ၊ အားကစားသမားများမှ အောက်တိုဘာလ ၅ရက် နှင့် ဒီဇင်ဘာလ ၁ရက် နေ့တို့တွင် ကံစမ်းမဲများ ဖောက်ပေးခြင်း၊ အဆိုပါအစီအစဉ်များကို ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း၊ သတင်းအချက်အလက်များကို မီဒီယာပေါင်းစုံမှ ထုတ်ပြန်ကြေငြာခြင်းတို့အား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆုမဲများအနေဖြင့် မော်တော်ကား ၃ စီး၊ မော်တော်ဆိုင်ကယ်များ အပါအ၀င် အခြား အဖိုးတန်ဆုမဲပေါင်း ၃၀၀ ကျော်အား မဲဖောက်ချီးမြှင့်သွားမည် ဖြစ်ပါသည်။
 

Our Activities: